အရိုးအရှင်းဆုံး လမ်းညွှန်ဖြစ်သည်။ ထို့ကြောင့် အသေးစိတ် မပါဝင်။ ;)
Tweet
    
        		directory အသစ် တစ်ခုတည်ဆောက်ပါ။ ပြီးလျှင် terminal မှာ အောက်ကလို ရိုက်ပါ။
        		
            git init
            ဆိုပြီး git repository တစ်ခုကို စတင်ပါ။
        
        		copy အနေနဲ့ ပွားပြီးတော့ အလုပ်လုပ်မယ်ဆိုရင်တော့ အောက်က command ကို အသုံးပြုရပါတယ်။ 
            git clone /path/to/repository
            တကယ်လို့ server နဲ့ အလုပ်လုပ်တာဆိုရင်တော့ အောက်ကလို အသုံးပြုရပါတယ်။ 
            git clone username@host:/path/to/repository
        
        သင့် local repository မှာ git က ထိန်းသိမ်းဆောက်ရွက်တဲ့ ဆင့်ပွား ၃ ခု ရှိပါတယ်။ 
        ပထမ တစ်ခုကတော့ Working Directory ပါ။
        သူကတော့ လက်ရှိ file တွေကို သိမ်းထားပေးပါတယ်။
        ဒုတိယ တစ်ခုကတော့ Index ပါ။
        သူကတော့ staging area ပါ။
        နောက်ဆုံးကတော့ HEAD ပါ။
        နောက်ဆုံး သင် commit လုပ်ထားတဲ့ နေရာကို ညွှန်ပြထားပါတယ်။
          
        
    
        ပြင်ဆင်ထားတာများကို ထည့်သွင်းလိုလည်း အောက်ပါ အတိုင်း အသုံးပြုနိုင်သည်။ 
            git add <filename>
            git add *
            ဒီ အဆင့်က ပထမ အဆင့်ပါ။ ပြောင်းလဲထားသည်များကို commit လုပ်လိုလျှင် 
            git commit -m "Commit message"
            ပြင်ဆင်ထားသည်များကို HEAD တွင် မှတ်ထားပြီးသားဖြစ်သည်။ သို့သော် remote repository ပေါ်သို့ မရောက်သေးပါ။
        
        	သင်ပြင်ဆင်ထားတာတွေက အခု သင့်ရဲ့ local working copy နေရာက <HEAD> မှာ ရောက်နေပါပြီ။ 
        	ပြောင်းလဲထားတဲ့ code တွေကို remote repository ဆီပို့ဖို့ အတွက်
        	
            git push origin master
            master ကို သင့်ရဲ့ စိတ်ကြိုက် branch ပြောင်းနိုင်ပါတယ်။ သင် ပို့ချင်တဲ့ branch တစ်ခုခုကိုပေါ့။
            
            တကယ်လို့ သင်က cloned မလုပ်ချင်ဘူး။ လက်ရှိ ရှိထားတဲ့ code ကို remote server နဲ့ ချိတ်ဆက်ချင်တယ်ဆိုရင်တော့ 
            git remote add origin <server>
            
            အခု သင်ရဲ့ code ကို သင်ရွေးချယ်ထားတဲ့  remote server ပေါ်တင်လို့ရပါပြီ။ 
        
Branches တွေကို develop အဆင့်တွေမှာ အသုံးပြုပါတယ်။ master branch ကတော့ repository အသစ်ဖန်တီးတဲ့အခါမှာ ပုံသေပါလာပါတယ်။ တကယ်လို့ development အတွက် အြခား branches တွေခွဲထွက်ပြီး အကုန်ပြီးစီးမှသာ master branch နဲ့ ပြန်ပေါင်းပါတယ်။
        
        	"feature_x" ဆိုတဲ့ branch အသစ်ဆောက်ပြီး ထို branch ကို ပြောင်းလဲ အသုံးပြုပုံ
            git checkout -b feature_x
            
            master branch ကို ပြန်ပြောင်းပုံ 
            git checkout master
            branch ကို ဖျက်ခြင်း
            git branch -d feature_x
            
				branch ကို remote repository ကို push လုပ်လိုလျှင် 
            git push origin <branch>
        
        
        		 local repository ကို remote repository တွင် အသစ် commit လုပ်ထားသည်များကို ဆွဲချလိုလျှင်
            git pull
            pull လို့ ခေါ်တဲ့အခါမှာ working directory ထဲသို့ နောက်ဆုံး ပြောင်းထားသည်များကို fetch နှင့် merge လုပ်သွားပါမယ်။
            
            လက်ရှိ အလုပ်လုပ်နေသော branch (ဥပမာ။။ master) ထဲကို အခြား branch မှ လာပေါင်းလိုလျှင် 
            git merge <branch>
            
            ထိုအခါ git က အလိုအလျှောက် ပြင်ထားသည်များကို ပေါင်းပေးပါလိမ့်မယ်။ 
            သို့သော်လည်း အမြဲတန်း အဆင်မပြေပါ။ တစ်ခါတစ်လေ conflicts ဖြစ်တာလေးတွေ ရှိတတ်ပါတယ်။
					ထို အခါ conflicts ဖြစ်တာကို ကိုယ့်ဘာသာကိုယ် ပေါင်းဖို့ လုပ်ဆောင်ရပါတော့တယ်။
					
            conflicts ဖြစ်နေတဲ့ file များကို git တွင်ဖော်ထားပါတယ်။ ထို file များကို ကိုယ့်ဘာသာကိုယ် ပြင်ဆင်ပြီးရင် ပြန်ပြီးတော့ ထည့်ပေးဖို့ လိုပါတယ်။
            git add <filename>
            
            မပေါင်းခင်မှာ အရင်ဆုံး ပြောင်းထားတဲ့ code တွေကို ယှဉ်ကြည့်နိုင်ပါတယ်။
            git diff <source_branch> <target_branch>
        
    			software version တစ်ခုကို ထုတ်လိုက်တိုင်းမှာ tag ကို အသုံးပြု အကြံပြုပါတယ်။ 
    			ဒါသုံးခြင်းက SVN မှာ ပါပြီးသား အယူအဆ တစ်ခုပါ။  
    			သင့်အနေနဲ့ tag နာမည် အသစ် 1.0.0 ဆိုပြီး ပေးနိုင်ပါတယ်။ 
            git tag 1.0.0 1b2e1d63ff
             1b2e1d63ff ကတော့ သင် tag လုပ်ချင်တဲ့ commit id ရဲ့ ပထမ စာလုံး ၁၀ လုံး ပါ။
             သင့် အနေနဲ့ commit id ကို အောက်ကလို ရိုက်ပြီး ရယူနိုင်ပါတယ်။
            git log
            သင့်အနေနဲ့ commit id ရဲ့ အခြားစာလုံး အနည်းငယ်ကို အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အဲဒီ id ဟာ ဘယ်သူမှ အသုံးမပြုထားပဲ ကင်းရှင်းဖို့ သို့မဟုတ် unique ဖြစ်ဖို့ လိုပါတယ်။
        
        တကယ်လို့ တခုခုမှားသွားပြီး local ထဲက file နဲ့ ပြန် အစားထိုးချင်ရင် 
            git checkout -- <filename>
            အခု ပြောင်းလဲလိုက်တာက သင့်ရဲ့ working tree ထဲက HEAD ထဲ က နောက်ဆုံး content မှာ သွားပြီးတော့ အစားထိုးသွားမှာပါ။ ပြောင်းထားတာတွေကိုတော့ index အနေနဲ့ ထည့်ပြီး files အသစ်တွေကိုလည်း သိမ်းထားပါလိမ့်မယ်။
        
            အကယ်၍ သင့်အနေနဲ့ local changes နှင့် commits တွေကို ဖျက်ချပြီး နောက်ဆုံး server နှင့် master branch က အကုန် ဆွဲယူပြီး အစားထိုးချင်ရင်
            git fetch origin
            git reset --hard origin/master
        
            GUI ပါဝင်သော git 
            gitk
            အရောင်များဖြင့် git output
            git config color.ui true
            commit များကို စာ တကြောင်းစီဖြင့် ကြည့်ရန်။
            git config format.pretty oneline
            interactive adding ကို အသုံးပြုခြင်း
            git add -i
        
မှတ်ချက်များ